Tuesday, January 12, 2010

ဖြေဆေး

စိတ်တွေလေပါတယ်
မနက်ဖြန်တွေကျော်ဖြတ်ဖို့ 
အားတွေပေးပါ..
ကုန်သွားတဲ့တစ်နေ့ တာ
ပြန်ကာတွေးတိုင်း
နွမ်းမောလှတာမို့ 
ချစ်အပြုံး ခွန်အား
ဖြည့်ပါတော့ ။

Thursday, November 12, 2009

အတိတ်...

နာကျင်သော်လည်း
ပြုံးပြုံးလေးပဲ...
ကြင်နာမဲ့သော
အချိန်တို့ ကို
ပြန်ကာအောက်မေ့
နေရခက်လည်း
လွမ်းနေဆဲပဲ......

အမှတ်တရ
ငွေ့ ဝသုန်

Wednesday, July 29, 2009

ရှိုက်

အိမ်မက်တွေ
ကြေကြေမွမွနဲ့ 
တစစီ သေချာကောက်ကြည့်တော့
အပိုင်းအစတွေဟာ
ကိုယ့်..စိတ်ဓါတ်တွေဖြစ်လို့ နေတယ်။

ပြိုးပြိုးပြက်ပြက်နဲ့ 
မျှော်လင့်ခြင်းတစ်စုံလားလို့ 
ခြေရာခံကြည့်တော့
ကုန်ဆုံးသွားတာ
ကိုယ့်..အချိန်တွေဖြစ်လို့ နေတယ်။

မေ့မေ့ပျောက်ပျောက်နဲ့ 
နွမ်းလျခြင်းတွေ
ပြေပျောက်ဖို့ 
ဆေးတစ်ခွက် လိုက်ရှာတော့မှ
ပျောက်ဆုံးနေတာ
ကိုယ့်ရဲ့ ..ရယ်သံဖြစ်လို့ နေတယ်။

Sunday, January 4, 2009

ခြားနားခြင်း

အချိန်ယန္တရား ကြီး ရဲ့ 
ဖန်သားပြင်ပေါ်မှာ..
မင်းက..
ကိုယ့် ရှေ့က ရောက်နှင့်လို့ ...

မင်း..လမင်းကြီးကို..
ငေးကြည့်တိုင်တည်ချိန်မှာ
ကိုယ် က.. နေရောင်ခြည်နောက်..
အပြေးပြိုင်လို့ ...

မင်း...လန်းဆန်းဆွတ်ပျံ့
မနက်ခင်းလေကို..ရှူရှိုက်ရင်းနဲ့ 
နေရီသရော်မှာ
ကိုယ်ပြန်လာမဲ့..
အိမ်ပြန်ချိန်ကို
မျှော်မှန်းနေသလား?

ကိုယ်..မင်းကိုတွေ့ ဖို့ 
ကြိုးစားခဲ့ပါတယ်..
ကွာဟနေတဲ့..၁၆ နာရီကို
အမှီလိုက်နေတဲ့..ကိုယ့်ကို
အရှေ့ဆီက
စောင့်နှင့်ဦးပေါ့..မင်းရယ်..

Friday, December 5, 2008

လက်ဆောင်

ကိုယ်ဟာ..မင်းအတွက်..
အလှဆုံးပန်း..မဟုတ်ဘူး ။

ဒါပေမဲ့..
ကိုယ့် ရင်ထဲက..မင်းအတွက်..
ပျိုးပေးခဲ့တဲ့..
ပန်းကလေးကတော့..
အလှဆုံး..
ကိုယ့်ရဲ့ လက်ဆောင်ပါ။

လွန်းငွေ့ ဝသုန်

Tuesday, November 11, 2008

ကိုမြက်ခင်း....

အပျိုဖြူကျောင်းပြန်စဉ်..
တွေ့ မြင်ပုံ ရှုခင်းမှာ..
စိမ်းညို့ရောင်..သူ့ အသန်းနှင့်၊
ဝါ ဖန့် ဖန့် ပန်း မျိုး နှယ်..
ရောဖက်ကာ..နှောကာနေလင့်တော့၊
ကြည့် သူ မှာ စိတ်ကိုညွတ်ကြည်လို့ ..
တိမ်ပြင်နှယ်..လွင့်ပါးချင်လှတယ်..
သြော် ကွယ်..ကိုမြက်ခင်း ...။ ။

အမှတ်တရ
ငွေ့ ဝသုန်
(ကျွန်မ (၁၃) နှစ်သမီး တုန်း က..ပထမဆုံး စပ်ခဲ့ သော ကဗျာလေးပါ။)

Sunday, November 9, 2008

အတ္တမဲ့

ကြွယ်ဝအားမာန်
သွေးမာန်တက်ကြွ
ထို..လှိုင်းအောက်သို့ 
မကြောက်မဝံ့
ထို..လှေငယ်သည်..
ချဉ်းနင်းဝင်ရောက်..ခွင်းလေပြီ...

မာယာသွေးကြွယ်
အလှမာန်နဲ့ 
ရွှန်းလဲ့တောက်သော
ထို..အကြည့်ပိုင်ရှင်အား
အတ္တမရှိ...
ထို..သူငယ်သည်..
ဖြူစင်ညွတ်ကြည်..ချစ်မိလေပြီ...


ထို..လှေငယ်သည်
လှိုင်းကြီးအောက်သို.
ဝပ်တွားစင်းရန်..
အသင့်ရှိပေပြီ...

ထို..သူငယ်လည်း
ညှို့ အားရှင်သို့ 
အနိုင်စွန့် ပယ်
ပေးဆပ်နေရန်..
အသင့်ရှိလေပြီ...

အမှတ်တရ
ငွေ့ ဝသုန်