skip to main
|
skip to sidebar
လွန်းငွေ့ ဝသုန်
Friday, December 5, 2008
လက်ဆောင်
ကိုယ်ဟာ..မင်းအတွက်..
အလှဆုံးပန်း..မဟုတ်ဘူး ။
ဒါပေမဲ့..
ကိုယ့် ရင်ထဲက..မင်းအတွက်..
ပျိုးပေးခဲ့တဲ့..
ပန်းကလေးကတော့..
အလှဆုံး..
ကိုယ့်ရဲ့ လက်ဆောင်ပါ။
လွန်းငွေ့ ဝသုန်
Tuesday, November 11, 2008
ကိုမြက်ခင်း....
အပျိုဖြူကျောင်းပြန်စဉ်..
တွေ့ မြင်ပုံ ရှုခင်းမှာ..
စိမ်းညို့ရောင်..သူ့ အသန်းနှင့်၊
ဝါ ဖန့် ဖန့် ပန်း မျိုး နှယ်..
ရောဖက်ကာ..နှောကာနေလင့်တော့၊
ကြည့် သူ မှာ စိတ်ကိုညွတ်ကြည်လို့ ..
တိမ်ပြင်နှယ်..လွင့်ပါးချင်လှတယ်..
သြော် ကွယ်..ကိုမြက်ခင်း ...။ ။
အမှတ်တရ
ငွေ့ ဝသုန်
(ကျွန်မ (၁၃) နှစ်သမီး တုန်း က..ပထမဆုံး စပ်ခဲ့ သော ကဗျာလေးပါ။)
Sunday, November 9, 2008
အတ္တမဲ့
ကြွယ်ဝအားမာန်
သွေးမာန်တက်ကြွ
ထို..လှိုင်းအောက်သို့ 
မကြောက်မဝံ့
ထို..လှေငယ်သည်..
ချဉ်းနင်းဝင်ရောက်..ခွင်းလေပြီ...
မာယာသွေးကြွယ်
အလှမာန်နဲ့ 
ရွှန်းလဲ့တောက်သော
ထို..အကြည့်ပိုင်ရှင်အား
အတ္တမရှိ...
ထို..သူငယ်သည်..
ဖြူစင်ညွတ်ကြည်..ချစ်မိလေပြီ...
ထို..လှေငယ်သည်
လှိုင်းကြီးအောက်သို.
ဝပ်တွားစင်းရန်..
အသင့်ရှိပေပြီ...
ထို..သူငယ်လည်း
ညှို့ အားရှင်သို့ 
အနိုင်စွန့် ပယ်
ပေးဆပ်နေရန်..
အသင့်ရှိလေပြီ...
အမှတ်တရ
ငွေ့ ဝသုန်
ဂစ်တာရှင်
မင်းချစ်တဲ့..ဂစ်တာလေးနဲ့ 
တီးခတ်နေတဲ့..
သံစဉ်လှိုင်းလေး..
ဖြစ်လို့ ရ ရင်...
ကိုယ်ဖြစ်ချင်တယ်...
မင်းပြောလာမဲ့
စကားတစ်ခွန်း..
ကြားခွင့်  ရ ရင်...
နှလုံးသားထဲ...
သိမ်းထားချင်တယ်...
မင်းရဲ.တောက်ပအပြုံး
ကြင်နာအကြည့်..
နူးညံ့မှုအရိပ်မှာ..
ကိုယ့်အချစ်ကို..
အပ်နှင်းချင်တယ်...
အမှတ်တရ
ငွေ့ ဝသုန်
အိမ်ပြန်ချိန်..မိုးည
မေ..အလုပ်ပြန်တုန်းပေါ့
မှိုင်းပျပျကောင်းကင်အောက်မှာ
ကြယ်မှုန်တွေပြန့် ကြဲနေတုန်းပေါ့...
ကောင်းကင်ကိုမော့ကြည့်
မဲနယ်ပြာဝေဟင်ထက်
မိုးလုံးမှိုင်းတိမ်စိုင်လုံးတို့ 
တိုးဝှေ့ လို့ ပေါ့...
တစ်ပေါက်ပေါက်ကြွေကာကျ
ပုလဲမိုးစက်တို့ အောက်မှာ..
တစ်ကိုယ်တော် ခိုက်ခိုက်တုန်လို့ 
မေ..တစ်ယောက်တည်းပေါ့...
အဝေးကိုမျှော်ကြည့်
မှုန်ဝါးဝါး..ကြယ်ရောင်ပျမှာ
မေ့ .. မျက်ရည်စိုကာရွှဲ...
မင်း.. မ ရှိလို့ ပေါ့.....
အမှတ်တရ
ငွေ့ ဝသုန်
Newer Posts
Home
Subscribe to:
Posts (Atom)
ကျွန်မကြိုက်သော blog များ
ဒီစိုး
My baby....
15 years ago
moon light chaser
X-mas eve
16 years ago
လရိပ်ခင်
Cheese Cake
17 years ago
Followers
သူမနှင့် သူမ၏အတွေးပန်းချီ
►
2010
(1)
►
January
(1)
►
2009
(3)
►
November
(1)
►
July
(1)
►
January
(1)
▼
2008
(5)
▼
December
(1)
လက်ဆောင်
►
November
(4)
ကိုမြက်ခင်း....
အတ္တမဲ့
ဂစ်တာရှင်
အိမ်ပြန်ချိန်..မိုးည
ငွေ့ ဝသုန်
View my complete profile